17 အားပင်း ကယ်တင်ခြင်းဟို သံခမောက်လိုမျိုး လက်ခံကြပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော် ထားဟိုလည်း ယူကြလော့။ 18 ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။