18 ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။ 19 ငါ့ဟ နှုတ်ဟို ဖွင့်သောအခါ ပြောရမဲ့စကားဟို ငါ့အား ပေးယွေ့ သတင်းကောင်းနဲ့ဆိုင်သော လျှို့ဝှက်နက်နဲသောအရာဟို ရဲရင့်စွာ ပြောပြနိန်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
Publicidade