ခရစ်တော်ရဲ့ နှိမ့်ချမှုနဲ့ ကြီးမြတ်မှု
1 ခရစ်တော်နှိုက်ဆိသော နင်ရဲ့ အသက်တာဟ နင့်အား ခိုင်ခံ့စေအယ်။ သူရဲ့ ချစ်ခြင်းမေတ္တာဟ နင့်ဟို နှစ်သိမ့်စေအယ်။ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊၂.၁ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊ အဲဟာမဟုတ်ရင် ဝိညာဉ်တော်ဟ နင်လို့အချင်းချင်း မိတ်သဟာယ ဖွဲ့စေပီ။ နင်လို့ဟ အချင်းချင်း သနားကြင်နာစိတ် ဆိကြအယ်။ 2 နင်လို့ဟ တစိတ်တသဘောတည်း ဆိယွေ့ စိတ်ဝမ်းမကွဲဘဲ တူညီသော မေတ္တာဆိလျက် စိတ်တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါရဲ့ ဝမ်းမြောက်ခြင်းဟို ပြေ့စုံစေကြလော့။