5 ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
6 ကိုယ်တော်ဟ ဘုရားသဘောသဘာဝနဲ့ အစဉ်ပြေ့စုံအယ်။
အားပေမဲ့ ကိုယ်တော်ဟ ဘုရားသခင်နဲ့တန်းတူ ဆိနေရန်၂.၆ ဆိနေရန်၊ အဲဟာမဟုတ်ရင် ဖြစ်လာရန်။ ကြိုးစားဖို့ မစဉ်းစားခဲ့ပါ။
7 ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့
အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။
ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့
လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။
8 မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင်
အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။