11 ငါဟ ဆင်းရဲချို့တဲ့သောကျောန့် ဟေသို့ဆိုတာ မဟုတ်။ အကျောန်းမှာ စလို အခြေအနေနှိုက် မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါဟ သင်ယူခဲ့ပီ။ 12 နှိမ့်ချခြင်းဟို ငါ သိယွေ့ ကြွယ်ဝခြင်းဟိုလည်း ငါ သိအယ်။ ငါဟ မွတ်တာ ဖြစ်စေ၊ ဝစွာ စားရတာ ဖြစ်စေ၊ ချို့တဲ့တာ ဖြစ်စေ၊ ကြွယ်ဝတာ ဖြစ်စေ၊ စလို အခြေအနေ၊ စလို အရပ်နှိုက်နေရတာ မဆို ကျေနပ်ရောင့်ရဲတတ်ရန် သင်ယူထားပင်း ဖြစ်အယ်။