Pular para o conteúdo
Publicidade

ဂလာတိ 5:1-6

နင့်ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းပါ

1 လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။

2 နားထောင်လော့။ ငါ ပေါလုပြောတာဟ နင်လို့တတ်တိုင်း အရေဖျားလှီးခြင်းဟို ခံစေရန် ခွင့်ပြုရင် ခရစ်တော်ဟ နင့်အတွက် လုံးဝအသုံးမဝင်ဟု ဆိုလိုအယ်။ 3 အရေဖျားလှီးခြင်းကို ခံနိန်သော စသူမဆို ပညတ်တရားအားလုံးဟို လိုက်နာရမယ်ဟု ငါထပ်ယွေ့ သတိပေးအယ်။ 4 ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။ 5 အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။ 6 အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.