သားတော်အားဖြင့် ဘုရားသခင်ရဲ့ စကား
1 ဆေ့ကာလတွင် ဘုရားသခင်ဟ ပရောဖက်များအားဖြင့် ငါလို့ ဘိုးဘေးလို့အား ကာလအပိုင်းအခြား အမျိုးမျိုးလို့နှိုက် နည်းမျိုးစုံဖြင့် စကားပြောအယ်၊ 2 အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။ 3 သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။