23 ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။ 24 အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။ 25 အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။