Pular para o conteúdo
Publicidade

ဟေဗြဲ 12

5 အဲပြင်၊

"ငါ့သား၊ ထာဝရဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းဟို အလေးမထားဘဲ မနေနဲ့၊

ကိုယ်တော်ရဲ့ ဆိုဆုံးမခြင်းဟို ခံရသောအခါ စိတ်မပျက်နဲ့။

6 ထာဝရဘုရားဟ မိမိချစ်သောသူဟို ဆုံးမတတ်အယ်၊

မိမိရဲ့ သားအဖြစ် လက်ခံသောသူလို့ဟို ဒဏ်ခတ်တတ်အယ်" ဟု သားဟို ပြောဆိုသလို နင်လို့အား မိန့်လဲ့ အားပေးတိုက်တွန်းတာဟို နင်လို့ မေ့လျော့ကြပီ။

7 ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။ 8 လူတိုင်းခံရသော ဆုံးမပဲ့ပြင်ခြင်းဟို နင်လို့ မခံရဘဲနေရင် နင်လို့ဟ သားအရင်း မဟုတ်၊ တရားမဝင်သောသားများသာ ဖြစ်ကြအယ်။ 9 အဲပြင် ငါလို့တွင် ဆုံးမပဲ့ပြင်ပေးသော လူသားအဖ ဆိယွေ့ သူလို့ဟို ငါလို့ ရိုသေလေးစားကြတာ ဖြစ်ယွေ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟို ပိုယွေ့ပင် နာခံရမယ် မဟုတ်လော၊ အဲအခါ ငါလို့ဟ အသက်ချမ်းသာရာ ရကြလိမ့်မယ်။ 10 အကျောန်းမှာ လူသားအဖလို့ဟ ကောင်းတာဟု မိမိလို့ ထင်မျော်လဲ့အတိုင်း ခဏသာ ဆုံးမပဲ့ပြင်တတ်ကြအယ်၊ အားပေမဲ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟ သူရဲ့ သန့်ဆှင်းခြင်းနှိုက် ငါလို့ ပါဝင် ခံစားရမဲ့အကျောန်း ငါလို့အကျိုးဟို ထောက်ယွေ့ ဆုံးမပဲ့ပြင်အယ်။ 11 ဆုံးမပဲ့ပြင်ခြင်းဟ ခံရစဉ်တွင် ဝမ်းမြောက်စရာ မဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်တာဟု ထင်ရတတ်အယ်၊ အားပေမဲ့ အဲဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်း ခံရသောသူလို့ဟ နောက်မှ ဖြောင့်မတ်ခြင်းနဲ့ဆိုင်လဲ့ ငြိမ်းချမ်းသော အကျိုးကျေးဇူးဟို ပြန်လည်ခံစားရကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.