6 ထာဝရဘုရားဟ မိမိချစ်သောသူဟို ဆုံးမတတ်အယ်၊
မိမိရဲ့ သားအဖြစ် လက်ခံသောသူလို့ဟို ဒဏ်ခတ်တတ်အယ်" ဟု သားဟို ပြောဆိုသလို နင်လို့အား မိန့်လဲ့ အားပေးတိုက်တွန်းတာဟို နင်လို့ မေ့လျော့ကြပီ။
7 ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။