7 ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။ 8 လူတိုင်းခံရသော ဆုံးမပဲ့ပြင်ခြင်းဟို နင်လို့ မခံရဘဲနေရင် နင်လို့ဟ သားအရင်း မဟုတ်၊ တရားမဝင်သောသားများသာ ဖြစ်ကြအယ်။ 9 အဲပြင် ငါလို့တွင် ဆုံးမပဲ့ပြင်ပေးသော လူသားအဖ ဆိယွေ့ သူလို့ဟို ငါလို့ ရိုသေလေးစားကြတာ ဖြစ်ယွေ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟို ပိုယွေ့ပင် နာခံရမယ် မဟုတ်လော၊ အဲအခါ ငါလို့ဟ အသက်ချမ်းသာရာ ရကြလိမ့်မယ်။ 10 အကျောန်းမှာ လူသားအဖလို့ဟ ကောင်းတာဟု မိမိလို့ ထင်မျော်လဲ့အတိုင်း ခဏသာ ဆုံးမပဲ့ပြင်တတ်ကြအယ်၊ အားပေမဲ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟ သူရဲ့ သန့်ဆှင်းခြင်းနှိုက် ငါလို့ ပါဝင် ခံစားရမဲ့အကျောန်း ငါလို့အကျိုးဟို ထောက်ယွေ့ ဆုံးမပဲ့ပြင်အယ်။
Publicidade