ယဇ်ပုရောဟိတ် မေလခိဇေဒက်
1 ဟေမေလခိဇေဒက်ဟ ဆှာလင်မင်း ဖြစ်ပင်း အမြင့်ဆုံးသော ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ သူဟ ဘုရင်လေးပါးဟို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံဟို ကြိုဆိုလျက် ကောင်းချီးပေးလေအယ်၊ 2 အာဗြဟံဟလည်း လက်ရဥစ္စာဆိသမျှဟို ဆယ်ဖို့တဖို့ဟို သူ့အား ပေးလှူအယ်။ မေလခိဇေဒက် ပထမနာမယ်ရဲ့ အဓိပ္ပာယ်မှာ "ဖြောင့်မတ်ခြင်းရဲ့ ဘုရင်" ဟု ဖြစ်ပင်း၊ အဲပင်းရင် "ငြိမ်သက်ခြင်းရဲ့ ဘုရင်" တည်းဟူသော ဆှာလင် ဘုရင် ဟုလည်း ဖြစ်အယ်။ 3 သူနှိုက် အဖ မဆိ၊ အမေ့ မဆိ၊ မျိုးရိုးစဉ်ဆက် မဆိ၊ အသက်တာရဲ့ အစလည်း မဆိ၊ အဆုံးလည်း မဆိ။ သူဟ ဘုရားသခင်ရဲ့ သားတော်လိုဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ် တည်နေအယ်။