6 အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
7 အကျောန်းမှာ ပထမ ပဋိညာဉ်နှိုက် အပစ်တင်ခွင့် မဆိခဲ့ရင် ဒုတိယ ပဋိညာဉ်ဟ လိုအပ်စရာအကျောန်း ဆိခဲ့မယ် မဟုတ်။