Pular para o conteúdo
Publicidade

ဟေဗြဲ 8

6 အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။

7 အကျောန်းမှာ ပထမ ပဋိညာဉ်နှိုက် အပစ်တင်ခွင့် မဆိခဲ့ရင် ဒုတိယ ပဋိညာဉ်ဟ လိုအပ်စရာအကျောန်း ဆိခဲ့မယ် မဟုတ်။ 8 အားပေမဲ့ ဘုရားသခင်ဟ မိမိလူစုတော်အား အပစ်တင်ယွေ့

"ထာဝရဘုရား မိန့်တာဟ ကျေ့ရှုလော့

ဣသရေလအမျိုးနဲ့ လည်းကောင်း၊ ယုဒအမျိုးနဲ့ လည်းကောင်း၊ ပဋိညာဉ်သစ်ဟို ငါပြုမဲ့ နေ့ရက်များ ကျရောက်လိမ့်မယ်။

9 အဲပဋိညာဉ်ဟ သူလို့ရဲ့ ဘိုးဘေးများအား လက်ဆွဲယွေ့

အဲဂုတ္တုပြေမှ ငါထုတ်ဆောင်လာစဉ်အခါဟ သူလို့နဲ့ ပြုခဲ့လဲ့ ပဋိညာဉ်နဲ့ တူလိမ့်မယ် မဟုတ်။

အဲအခါဟ ငါနဲ့ ပြုခဲ့လဲ့ ပဋိညာဉ်နှိုက် မတည်သောကျောန့်

ထာဝရဘုရားဟ သူလို့အား ဂရုမစိုက်ဘဲ နေခဲ့အယ်။

10 နောင်ကာလနှိုက် ဣသရေလအမျိုးသားလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်မှာ

ငါ ထာဝရဘုရားဟ

ငါ့ပညတ်များဟို သူလို့ရဲ့ စိတ်နေလုံးထဲဟို ထည့်သွင်းယွေ့

သူလို့ရဲ့ နေလုံးပေါ်မှာ ရေးသားမယ်။

ငါဟ သူလို့ ဘုရား ဖြစ်ယွေ့

သူလို့ဟလည်း ငါရဲ့ လူ ဖြစ်ကြလိမ့်မယ်။

11 စသူမျှ မိမိရဲ့ အမျိုးသားချင်းဟိုသော် လည်းကောင်း၊

မိမိရဲ့ ညီအကိုအချင်းချင်းဟိုသော် လည်းကောင်း၊

‘ထာဝရဘုရားအား သိလော့’ ဟု သွန်သင်ပေးရန် လိုမယ် မဟုတ်။

ပစာကို့ လူအပေါင်းလို့ဟ

အငယ်ဆုံးမှ အကြီးဆုံးတိုင်အောန် ငါ့ဟို သိကြလိမ့်မယ် ဖြစ်အယ်။

12 ငါဟ သူလို့ရဲ့ မတရားမှုများအပေါ် ကရုဏာထားယွေ့

သူလို့ရဲ့ အမားများဟို သိမှတ်မယ် မဟုတ်" ဟု မိန့်အယ်။

13 ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.