Pular para o conteúdo
Publicidade

ယောဟန် 1

အသက်ဖြစ်သော နှုတ်ကပတ်တော်

1 အစဦးနှိုက် နှုတ်ကပတ်တော်၁.၁ နှုတ်ကပတ်တော်၊ အဲဟာမဟုတ်ရင် ယေရှု ခရစ်တော်၊ ဟို ရည်ညွှန်းအယ်။ ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။ 2 နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ ဆိအယ်။ 3 ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။ 4 အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်၊၁.၄ အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်၊ အဲဟာမဟုတ်ရင် နှုတ်ကပတ်တော်ဟ အသက်နဲ့အတူ တလုံးတဝတည်း ဖြစ်အယ်။ အေးအသက်ဟ လူလို့ဆေ အလင်းဟို ယူဆောင်လာအယ်။ 5 အဲအလင်းဟ မိုက်ထဲတွင် တောက်ပယွေ့ မိုက်ဟ အဲအလင်းဟို စလိုမှ မဖုံးကွယ်နိန်။

6 ၁.၆ မ ၃.၁; မာ ၁.၄; လု ၃.၁,၂ ဘုရားသခင်ဆေမှ စေလွှတ်ခံရလဲ့ ယောဟန် နာမယ်ဆိသော လူတဦး ဆိအယ်။ 7 လူအပေါင်းလို့ဟ သူ့အားဖြင့် ယုံကြည်လာမဲ့အကျောန်း သူဟ အလင်းအကျောန်းဟို သက်သေခံရန် သက်သေအဖြစ် လာအယ်။ 8 သူဟ အဲအလင်း မဟုတ်၊ အလင်းအကျောန်း သက်သေခံရန် လာသောသူ ဖြစ်အယ်။ 9 အဲအလင်းဟ လောကဟို ကြွလာယွေ့ လူသားအပေါင်းလို့ပေါ်တွင် တောက်ပလဲ့ — စစ်မန်သော အလင်း ဖြစ်အယ်။

10 အဲနှုတ်ကပတ်တော်ဟ ဟေလောကနှိုက် ဆိအယ်၊ ဟေလောကဟ သူ့အားဖြင့် ဖြစ်လာသော်လည်း လောကဟ ကိုယ်တော်ဟို အသိမှတ်မပြုဝူး။ 11 ကိုယ်တော်ဟ မိမိမွေးဖွားရာပြေဟို ကြွလာသော်လည်း မိမိရဲ့ လူမျိုးများဟ ကိုယ်တော်ဟို လက်မခံကြ။ 12 အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။ 13 သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။

14 နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။

15 ယောဟန်ဟ ကိုယ်တော်အကျောန်းဟို သက်သေခံအယ်။ သူဟ "‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်" လို့ ကြွေးကြော်လေအယ်။

16 ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။ 17 ဘုရားသခင်ဟ ပညတ်တရားဟို မောရှေအားဖြင့် ပေးအယ်၊ အဲလိုလဲ ကျေးဇူးတော်နဲ့ သမ္မာတရားဟ ယေရှုခရစ်အားဖြင့် ဖြစ်လာအယ်။ 18 ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။

နှစ်ခြင်းယောဟန်ရဲ့ တရားစကား

(မဿဲ ၃.၁–၁၂; မာကု ၁.၁–၈; လုကာ ၃.၁–၁၈)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.