28 ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။ 29 သူလို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ့၊၁၀.၂၉ သူလို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ့၊ အချို့ လက်ရေးမူကျမ်းများတွင် ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်အယ်၊ ဟု ပါဆိအယ်။ စသူမျှ သိုးလို့ဟို ငါ့ခမည်းတော်ရဲ့ လက်မှ မလုမယူနိန်။ 30 ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်" ဟု မိန့်အယ်။
Publicidade