Pular para o conteúdo
Publicidade

ယောဟန် 11

လာဇရု သေဆုံးခြင်း

1 ၁၁.၁ လု ၁၀.၃၈,၃၉ ဗေသနိရွာမှာနေလဲ့ လာဇရုလို့ ခေါ်လဲ့ လူတယောက်ဟ ဖျားနာလျက် ဆိအယ်။ ဗေသနိရွာတွင် ညီအမဖြစ်ကြသော မာရိနဲ့ မာသလို့ နေထိန်ကြအယ်။ 2 ၁၁.၂ ယော ၁၂.၃ဟေမာရိဟ သခင်ဘုရားရဲ့ ခြေဟို ဆီမွှေးသွန်းလောင်းယွေ့ မိမိဆံပင်ဖြင့် သုတ်ပေးသူ ဖြစ်အယ်၊ ဖျားနာနေသူလာဇရုဟ သူမရဲ့ မောင်ငယ် ဖြစ်အယ်။ 3 ညီအမလို့ဟ ယေရှုဆေဟို စေလွှတ်ယွေ့ "သခင်ဘုရား၊ အဆှင်ချစ်သောသူဟ ဖျားနာလျက် နေအယ်" ဟု ပြောလေအယ်။

4 ယေရှုဟ ဟေစကားဟို ကြားရင်၊ "ဟေအနာဟ သေနာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆှားစေသော အနာဖြစ်အယ်၊ အေးအနာကျောန့် ဘုရားသခင်ရဲ့ သားတော်ဟလည်း ဘုန်းထင်ဆှားခြင်း ဆိလိမ့်မယ်" ဟု မိန့်လေအယ်။

5 ယေရှုဟ မာသနဲ့ သူမရဲ့ ညီမဟို လည်းကောင်း၊ လာဇရုဟို လည်းကောင်း ချစ်အယ်။ 6 လာဇရု ဖျားနာနေတာဟို သတင်းကြားသောအခါ ကိုယ်တော်ဟ မိမိရောက်ဆိသောအရပ်တွင် နေရက်တိုင်တိုင် ဆက်ယွေ့ နေလေအယ်။ 7 အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့အား "ယုဒပြေဟို ငါလို့ နောက်တခါ သွားရအောန်" ဟု မိန့်လေအယ်။

8 တဘဲ့တော်လို့ဟ "ဆရာ၊ ယုဒလူလို့ဟ ကိုယ်တော်အား မကြာခင်ဟပင် ခဲနဲ့ ပစ်ရန် ကြိုးစားကြအယ်၊ အေးအရပ်ဟို တဖန်သွားအုံးမယ်လော" ဟု ဆှောက်ကြအယ်။

9 ယေရှုဟ "တနေ့တွင် တဆယ့်နေနာရီ ဆိအယ် မဟုတ်လော။ နေ့အချိန်နှိုက် သွားလာသောသူဟ နေရဲ့ အလင်းရောင်ဟို မျော်သောကျောန့် ခလုတ်မတိုက်ဘဲ ကောင်းစွာ သွားလာနိန်အယ်။ 10 ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောန့် ခလုတ်တိုက်ယွေ့ လဲတတ်အယ်" ဟု မိန့်လေအယ်။ 11 ယေရှုဟ ဟေလို့မိန့်ပင်းနောက် "ငါလို့ရဲ့ မိတ်ဆွေဖြစ်သော လာဇရုဟ အိပ်မွေ့လျက် နေအယ်၊ သူ့ဟို နိုးဖို့ ငါသွားမယ်" ဟု မိန့်အယ်။

12 ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ "သခင်ဘုရား၊ သူဟ အိပ်မွေ့လျက်နေရင် ကျန်းမာလာလိမ့်မယ်" ဟု ဆှောက်ကြအယ်။

13 ယေရှုဟ လာဇရုသေကျောန်းဟို ရည်ရွယ်ပင်း မိန့်အယ်၊ အဲလိုလဲ ပုံမန် အိပ်မွေ့လျက် နေကျောန်းဟို ဆိုတာ ဟု ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ ထင်ခဲ့အယ်။ 14 အဲလိုမို့ ယေရှုဟ သူလို့အား "လာဇရုဟ သေပီ၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.