13 နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။ 14 နင်လို့ဟ ငါ၁၄.၁၄ တချို့ လက်ရေးမူကျမ်းများတွင် ငါ၊ မပါဆိပါ။ရဲ့နာမဟို အမှီပြုယွေ့ တစုံတခုသောဆုဟို ငါ့ဟို တောင်းရင် တောင်းလဲ့အတိုင်း ငါ ပြုမယ်။
ယေရှုဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပေးမဲ့အကျောန်း ကတိတော်
15 "နင်လို့ဟ ငါ့ဟို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်းလိမ့်မယ်။ 16 ငါဟ ခမည်းတော်ဟို တောင်းဆှောက်သဖြင့် နင်လို့နဲ့အတူ အစဉ်အမြဲဆိယွေ့ နင်လို့အား မစသော အခြားသောသူတပါးဟို ပေးလိမ့်မယ်။