လောကသားလို့ရဲ့ မုန်းတီးခြင်း
18 "လောကသားလို့ဟ နင်လို့ဟို မုန်းရင်၊ နင်လို့ဟို မမုန်းခင် ငါ့ဟို မုန်းကြတာဟို သိမှတ်ကြလော့။ 19 နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။