10 ပိလတ်မင်းဟ နင်ဟ ငါ့ဟို စကားမပြောဘဲ နေသလော၊ ငါဟ "နင့်ဟို လွှတ်ပေးနိန်သော အခွင့်အာဏာ ဆိယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်နိန်သော အခွင့်အာဏာလည်း ဆိတာဟို နင် မသိသလော" ဟု ဆိုအယ်။
11 ယေရှုဟ "မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်" ဟု ဖြေလေအယ်။