Pular para o conteúdo
Publicidade

ယောဟန် 19

23 စစ်သားလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်းသောအခါ ကိုယ်တော်ရဲ့ အဝတ်တော်ဟို လေးပိုင်းပိုင်းယွေ့ တယောက်တပိုင်းစီ ယူကြအယ်။ သူလို့ဟ အထဲခံ အင်္ကျီဟိုလည်း ယူကြအယ်၊ အေးအင်္ကျီဟ ချုပ်ရိုးမဆိဘဲ အပေါ်မှ အောက်ခြေအထိ တထည်လုံးဟို တဆက်တည်း ရက်ထားလဲ့ အဝတ် ဖြစ်အယ်။ 24 သူလို့ဟ "အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့" ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊

"ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်း

ငါရဲ့အင်္ကျီဟို မဲချယူကြအယ်" ဟု

ပါဆိလဲ့အတိုင်း ပြေ့စုံလာစေရန် ဖြစ်အယ်။

25 ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။ 26 ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘဲ့တော်လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ အမေ့၊ "ဟေမှာ နင်ရဲ့သား" ဟု ဆိုအယ်။

27 အဲပင်းရင် တဘဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု ဆိုလေအယ်။ အဲအချိန်မှစယွေ့ တဘဲ့တော်ဟ အမေ့အား မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။

ယေရှု အသက်ချုပ်ခြင်း

(မဿဲ ၂၇.၄၅–၅၆; မာကု ၁၅.၃၃–၄၁; လုကာ ၂၃.၄၄–၄၉)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.