ယေရှုဟ မာဂဒလမြို့သူ မာရိဟို ကိုယ်ထင်ပြခြင်း
11 မာရိဟ လုတ်တိုင်း အပြင်နှိုက် ငိုကလျက် ရပ်နေအယ်။ သူမဟ ငိုကနေခါ ငုံ့ယွေ့ ဂူထဲဟို ကျေ့လိုက်သောအခါ 12 ဖြူသောအဝတ်ဟို ဝတ်ဆင်လဲ့ ခေါန်းခင်တမန်နေပါးလို့ဟ ယေရှုရဲ့ အလောင်း လဲလျောင်းခဲ့ရာ အရပ်ရဲ့ ခေါင်းရင်းနှိုက် တပါး၊ ခြေရင်းနှိုက် တပါး ထိန်နေတာဟို မျော်လေအယ်။ 13 အဲသူလို့ဟ "အချင်းမိန်းမ၊ ပစာကျောန့် ငိုကတုန်း" ဟု မေးအယ်။
သူမဟ "ကျွန်မရဲ့ သခင်ဘုရားဟို သူလို့ ယူဆောင်သွားကြပီ၊ ကိုယ်တော်အား ဖယ်နားထားတာဟို မသိမန့်" ဟု ဆိုအယ်။
14 အဲလိုဆိုပင်းမှ နောက်သို့လှည့်ယွေ့ ကျေ့ရင် ယေရှု ရပ်လျက်နေတာဟို မျော်အယ်၊ အဲလိုလဲ ယေရှု ဖြစ်ကျောန်းဟို မသိ။ 15 ယေရှုဟ "အချင်းမိန်းမ၊ ပစာကျောန့် ငိုကတုန်း၊ နင်ဟ စသူ့ဟို ဆှာတုန်း" ဟု မေးအယ်။
သူမဟ ကိုယ်တော်ဟို ဥယျာဉ်ပိုင်ဆှင်ဟု ထင်မှတ်ပင်း၊ "ဆရာ၊ ကိုယ်တော်ရဲ့ အလောင်းဟို ယူဆောင်သွားခဲ့ရင် ဖယ်နားမှာထားတာဟို ကျွန်မအား ပြောမန့်၊ ကိုယ်တော်ဟို ကျွန်မ သွားယွေ့ ယူပါမယ်" ဟု ဆိုအယ်။
16 ယေရှုဟ "မာရိ" ဟု ခေါ်အယ်။
မာရိဟ လှည့်ယွေ့ ဟေဗြဲစကားဖြင့် "ရဗ္ဗုနိ" ဟု ထူးလေအယ်၊ ရဗ္ဗုနိအနက်မှာ ဆရာဟု ဆိုလိုခြင်းဖြစ်အယ်။
17 ယေရှုဟလည်း "ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့" ဟု မိန့်အယ်။
18 အဲလိုမို့ မာဂဒလရွာသူ မာရိဟ တဘဲ့တော်လို့ဆေဟို သွားယွေ့ သခင်ဘုရားဟို ငါတွေ့မျော်ကျောန်းနဲ့ သခင်ဘုရားဟ စလို မိန့်ကျောန်းဟို ပြောကြားလေအယ်။