ယေရှုဟ သူ့တဘဲ့တော်လို့ဟို ကိုယ်ထင်ပြခြင်း
19 တဘဲ့တော်လို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်လန့်သောကျောန့် တနင်္ဂနွေ ညခင်းချိန်နှိုက် ထင်ခါးများဟို ပိတ်ပင်း စုဝေးနေကြအယ်။ အဲပင်းရင် ယေရှုဟ ကြွလာယွေ့ အေးသူလို့အလယ်မှာ ရပ်လျက် "နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်" ဟု မိန့်အယ်။