16 ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။ 17 အကျောန်းမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်၊ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။
18 သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။ 19 အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။