19 အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။ 20 ဆိုးယုတ်သောအကျင့်ဟို ကျင့်သောသူအပေါင်းလို့ဟ အလင်းဟို မုန်းယွေ့ မိမိလို့အကျင့်နှိုက် အပစ်ပါတာဟို မထင်ဆှားစေဖို့ အလင်းအနီးဟို မချဉ်းကပ်လိုကြ။ 21 အဲလိုလဲ သမ္မာတရားဟို ကျင့်သောသူများမှာ မိမိပြုသောအရာလို့ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီဖြစ်ကျောန်း သူလို့ သိသာထင်ဆှားစေရန် အလင်းဟို ချဉ်းကပ်လာအယ်။
Publicidade