3 ယေရှုဟ "နင်လို့အား ငါ အမန်ဆိုတာဟ တဖန်၃.၃ တဖန်၊ အဲဟာမဟုတ်ရင် အဲထက်ပိုပင်း။မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်" ဟု ပြန်ဖြေအယ်။
4 နိကောဒင်ဟလည်း "အသက်ကြီးသောသူဟ စလို မွေးဖွားခြင်းဟို ခံရမှာတုန်း၊ သူ့မေ့ဖိုက်ထဲဟို ပြန်ယွေ့ ဝင်ပင်း ဒုတိယအကြိမ် မွေးဖွားခြင်းဟို ခံရမယ်လော" ဟု မေးအယ်။
5 ယေရှုဟ "နင်အား ငါ အမန်ဆိုတာဟ၊ ယေနဲ့ ဝိညာဉ်တော်အားဖြင့် မွေးဖွားလာသူ မဟုတ်ရင် စသူမျှ ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ မဝင်ရ။