31 ဟေအချိန်အတွင်းနှိုက် တဘဲ့တော်လို့ဟ "ဆရာ၊ အစားအစာ သုံးဆောင်ပါ" ဟု ကိုယ်တော်အား တောင်းပန်ကြအယ်။
32 အဲလိုလဲ ကိုယ်တော်ဟ "နင်လို့ မသိကြလဲ့စားဖို့ အစားအစာဟို ငါမှာဆိအယ်" ဟု မိန့်အယ်။
33 အေးကျောန့် တဘဲ့တော်လို့ဟ "ကိုယ်တော်အား တစုံတယောက်သောသူဟ အစားအစာဟို ပို့ပီလော" လို့ အချင်းချင်း စတင်ပင်း မေးကြအယ်။
34 ယေရှုဟ "ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့ အစားအစာ ဖြစ်အယ်။