Pular para o conteúdo
Publicidade

ယောဟန် 5

21 ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။ 22 ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊ 23 အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။

24 "နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။ 25 နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။ 26 အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။ 27 သားတော်ဟ လူသားဖြစ်သောကျောန့် ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ဟိုလည်း သားတော်အား ပေးပီ။ 28 ဟေအမှုအရာဟို နင်လို့ မအံ့သြကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ဟို ကြားယွေ့၊ 29 ထွက်လာကြမဲ့အချိန် ကျရောက်လိမ့်မယ်။ အကျင့်ကောင်းဟို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆှင်လိမ့်မယ်၊ ဆိုးညစ်သောအမှုဟို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းဟို ခံရလိမ့်မယ်။

ယေရှုရဲ့ သက်သေခံများ

30 "ငါဟ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိန်၊ ငါဟ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောန့် ငါရဲ့ စီရင် ဆုံးဖြတ်ချက်ဟ မန်ကန်အယ်။

31 "ငါဟ မိမိရဲ့အကျောန်းဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟ မန်ကန်မှု မဆိ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.