19 တဘဲ့တော်လို့ဟ သုံးလေးမိုင်ခန့် လှော်ခတ်ပင်းသောအခါ ယေရှု ယေပေါ်မှာ လမ်းဆှောက်ယွေ့ မိမိလို့ လှေအနီးသို့ ကြွလာတာဟို မျော်ကြအယ်၊ အေးအခါ သူလို့ဟ ကြောက်ရွံ့ကြအယ်။ 20 ယေရှုဟ "မကြောက်ကြနဲ့၊ ငါပင် ဖြစ်အယ်" ဟု မိန့်အယ်။ 21 အဲအခါ သူလို့ဟ လိုလိုလားလားပင် လှေပေါ်ဟို ခေါ်ဖိတ်ကြအယ်၊ လှေဟ သူလို့သွားရန် ရည်ရွယ်ထားသော ကမ်းခြေသို့ ခုတုံး ရောက်ကြအယ်။