Pular para o conteúdo
Publicidade

ယောဟန် 6

6 ဟေလိုမေးခြင်းမှာ ဖိလိပ္ပုဟို စမ်းသပ်လိုယွေ့ ဖြစ်အယ်၊ အမန်တကယ် ကိုယ်တော်ဟ သူပစာလုပ်မယ်ဆိုတာ သိဆိပင်း ဖြစ်အယ်။

7 ဖိလိပ္ပုဟ "လူတိုင်းအတွက် ကတစ်စီကျွေးရန် ငွေဒင်္ဂါး၆.၇ ငွေဒင်္ဂါး၊ ငွေဒင်္ဂါးတပြားဟ ကျေးလက် အလုပ်သမားတဦးရဲ့ နေ့စဉ် အားခ ဖြစ်အယ် (ရှု မ ၂၀.၂)။ ၂၀၀ ဖိုးနဲ့ ဝယ်ရင်တောင်မှ မုန့်လုံလောက်မယ် မဟုတ်ပါ" ဟု ပြန်ဖြေအယ်။

8 ရှိမုန် ပေတရုရဲ့ ညီ အိန္ဒြေ နာမယ်ဆိသော သူ့ရဲ့ တဘဲ့တော်တယောက်ဟ၊ 9 "ဟေနေရာတွင် မုယောမုန့်ငါးလုံးနဲ့ ငါးနေကောင်ပါသော လပဲ့သူငယ်တယောက် ဆိပါအယ်။ အဲလိုလဲ ဟေလောက်များသော လူလို့အား လောက်အောန် ကျွေးနိန်မယ် မဟုတ်ပါ" ဟု ဆှောက်အယ်။

10 ယေရှုဟ "လူလို့အား ထိန်စေကြလော့" ဟု မိန့်အယ်။ အဲအရပ်တွင် မြက်ထူထပ်လျက် ဆိအယ်။ ၅,၀၀၀ ခန့်လောက်ဆိလဲ့ ယောက်ျားလို့ဟ မြက်ခင်းပေါ်တွင် ထိန်ကြအယ်။ 11 အဲပင်းရင် ယေရှုဟ မုန့်ဟိုယူယွေ့ ဘုရားသခင်အား ကျေးဇူးတော်ဟို ချီးမွမ်းပင်း ထိန်နေသော သူလို့အား ဝေငှပေးအယ်။ သူဟ ငါးဟိုလည်း အဲတိုင်းတိုင်းပြုပင်း လူလို့ဟ သူလို့ အလိုဆိလဲ့အတိုင်း ရကြအယ်။ 12 အဲသူလို့ဟ ဝစွာ စားကြပင်းသောအခါ ကိုယ်တော်ဟ "စားပင်းသော မုန့်အပိုင်းအစများဟို အလေလွင့်မဖြစ်ရအောန် သိမ်းကြလော့" ဟု တဘဲ့တော်လို့အား မိန့်အယ်။ 13 အဲလိုမို့ တဘဲ့တော်လို့ဟ ကောက်သိမ်းကြရာ လူလို့စားခဲ့သော မုယောငါးလုံးမှ စားပင်းသော အပိုင်းအစများဟို တောင်းတဆယ့်နေတောင်း အပြေ့ရကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.