4 သူလို့ဟ ယေရှုအား "ဆရာ၊ ဟေမိန်းမ အိုင်ထောင်ရေးဖောက်ပြန်စဉ် ဖမ်းမိပါအယ်။ 5 ပညတ်ကျမ်းတွင် မောရှေဟ အဲသို့သော မိန်းမမျိုးဟို ကျောက်ခဲနဲ့ ပေါက်ယွေ့ သတ်ရမယ်ဟု ပညတ်ထားပါအယ်။ အခု ကိုယ်တော်ဟ စလို ပြောမှာလုန်း။" 6 သူလို့ဟ ယေရှုဟို စွပ်စွဲနိန်ရန် အေးလို့ ထောင်ချောက်ဆင်ယွေ့ မေးကြခြင်း ဖြစ်အယ်။
အဲလိုလဲ ကိုယ်တော်ဟ ငုံ့ယွေ့ မြေပေါ်တွင် သူရဲ့လက်ညှိုးနဲ့ ရေးခြစ်လျက် နေအယ်။ 7 အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ "နင်လို့ထဲနှိုက် အပစ်ကင်းသူတယောက်ဟ ဦးရင် သူ့ဟို ကျောက်ခဲနဲ့ ပေါက်စေ" ဟု မိန့်အယ်။ 8 အဲပင်းရင် တခါ ငုံ့ယွေ့ မြေပေါ်တွင် ရေးခြစ်လျက် နေအယ်။
9 အဲသူလို့ဟ အဲအရာဟို ကြားသောအခါ အသက်ကြီးသူများဟ အစပြုယွေ့ တယောက်ပင်းတယောက် ထွက်သွားကြအယ်။ အဲနေရာတွင် မတ်တတ်ရပ်လျက်နေသော မိန်းမနဲ့အတူ ယေရှု တယောက်ထဲ ကျန်ခဲ့အယ်။ 10 ယေရှုဟ မော့ကျေ့ယွေ့ "အချင်းမိန်းမ၊ အဲသူလို့ဟ ဖယ်မှာလုန်း၊ နင့်အား အပစ်ဒဏ်စီရင်မဲ့သူ တစုံတယောက်မျှ မဆိသလော" ဟု မေးလေအယ်။
11 အေးမိန်းမဟ "တယောက်မှ မဆိတော့ပါ ဆရာ" ဟု ပြန်ပြောအယ်။
ယေရှုဟ "ငါဟလည်း နင့်အား အပစ်ဒဏ် မစီရင်ပီ။ သွားလော့၊ နောက်တခါ အပစ်မလုပ်နဲ့" ဟု မိန့်အယ်။]