ယေရှုဟ မွေးရာပါ မျက်စေ့ကန်းသောသူတယောက်ဟို ပျောက်ကင်းစေခြင်း
1 ယေရှုဟ လမ်းဆှောက်ယွေ့ သွားစဉ် အမေ့ဖိုက်ထဲဟ မျက်စေ့ကန်းသော သူတယောက်ဟို မျော်လေအယ်။ 2 ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ "ဆရာ၊ ဟေသူဟ ပစာအပစ်ကျောန့် မျက်စေ့ကန်းတုန်း။ မိမိ အပစ်ကျောန့်လား အဲဟာမဟုတ်ရင် မိဘ အပစ်ကျောန့်လား" ဟု မေးဆှောက်ကြအယ်။
3 ယေရှုဟ "သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျောန့်လည်း မဟုတ်။ သူမျက်စေ့မမျော်ရခြင်းမှာ ဘုရားသခင်ရဲ့ တန်ခိုးတော် သူနှိုက် ထင်ဆှားစေရန် ဖြစ်အယ်။ 4 ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။ 5 ၉.၅ မ ၅.၁၄; ယော ၈.၁၂ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်" ဟု မိန့်အယ်။
6 ဟေလို မိန့်ပင်းနောက် ယေရှုဟ မြေပေါ်ဟို ဆံထွေးနဲ့ ထွေးယွေ့ ရွံ့လုပ်ပင်း ကန်းနေသောသူရဲ့ မျက်စေ့ဟို ရွံ့နဲ့ လူးယွေ့ 7 သူ့ဟို "သွားပင်း ရှိလောင် ယေကန်နှိုက် မျက်စေ့ဟို ဆေးလော့" ဟု မိန့်အယ်။ ရှိလောင် အဓိပ္ပာယ်မှာ "စေလွှတ်အယ်" ဟု ဖြစ်အယ်။ အဲသူဟ သွားယွေ့ မျက်စေ့ဟို ဆေးပင်းနောက် မျက်စေ့မျော်လျက် ပြန်လာအယ်။