Pular para o conteúdo
Publicidade

မာကု 10

46 အဲပင်းရင် သူလို့ဟ ယေရိခေါမြို့သို့ ရောက်လာကြအယ်။ ယေရှုနဲ့ တဘဲ့တော်လို့ဟ လူအုပ်ကြီးနဲ့အတူ မြို့မှ ထွက်ခွာလာစဉ်၊ မျက်စေ့မမျော်သော ဗာတိမဲ (တိမဲရဲ့ အောင်နီငယ်ဟု ဆိုသူ)၊ လမ်းဘေးနှိုက် ထိန်ပင်း တောင်းစားနေအယ်။ 47 အဲသူဟ နာဇရက်မြို့သား ယေရှု ဖြစ်ကျောန်း ကြားရသောအခါ၊ "ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားပါ" ဟု စတင် အော်ကလေအယ်။

48 ရမ်းဆာ့သော လူဟ သူ့ဟို ငေါက်ငမ်းပင်း သူ့ဟို တိတ်တိတ်နေရန် ပြောခဲ့အယ်။ အဲလိုလဲ သူဟ "ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်" ဟု ပိုယွေ့ပင် ကျယ်လောင်စွာ အော်ဟစ်လေအယ်။

49 ယေရှုဟ ရပ်တန့်လျက် "သူ့ဟို ခေါ်ခဲ့လိုက်" ဟု ပြောလေအယ်။

အဲကျောန့် သူလို့ဟ မျက်စေ့မမျော်သောသူဟို ခေါ်လိုက်အယ်။ "အားမငယ်နဲ့၊ ထမန့်၊ သူဟ နင့်ဟို ခေါ်နေအယ်" ဟု သူလို့ဟ ပြောလေအယ်။

50 သူဟ သူ့ဝတ်လုံဟို လောချပင်း၊ ခုန်ယွေ့ ယေရှု ဆေဟို လာလေအယ်။

51 ယေရှုဟ "နင့်အတွက် ပစာအရာဟို ပြုစေလိုလုန်း" ဟု သူ့အား မေးလေအယ်။

မျက်စေ့မမျော်သောသူဟ "ဆရာ၊ ငါ မျက်စေ့ပြန်ယွေ့ မျော်ချင်အယ်" ဟု ဖြေလေအယ်။

52 ယေရှုဟ "သွားလော့၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကောင်းစေပီ" ဟု သူ့အား ပြောလေအယ်။

ခုတုံးပင် အဲသူဟ မျက်စေ့မျော်ယွေ့ ယေရှု ကြွလာရာလမ်းတွင် နောက်တော်ဟို လိုက်လေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.