လက်တဖက်သေသောသူ တယောက်အကျောန်း
1 ယေရှုဟ တရားဇရပ်ဟို တဖန် ဝင်ရင်၊ အဲနေရာတွင် လက်တဖက်သေသောသူ တယောက်ဆိအယ်။ 2 လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲရန်အတွက် ဥပုသ်နေ့နှိုက် သူ့အား ပျောက်စေမယ် အဲဟာမဟုတ်ရင် မပျောက်စေဘူးဆိုတာ အနီးကပ် စောင့်ကျေ့နေကြအယ်။ 3 ယေရှုဟ လက်တဖက်သေသောသူအား "လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့" ဟု ပြောလေအယ်။ 4 အဲပင်းရင် ယေရှုဟ "ငါလို့ ပညတ်တရားအရ ဥပုသ်နေ့တွင် ကောင်းသောအရာ အဲဟာမဟုတ်ရင် ဆိုးသောအရာဟို ပြုသင့်သလော၊ လူ့အသက်ဟို ကယ်အပ်သလော အဲဟာမဟုတ်ရင် သတ်အပ်သလော" ဟု သူလို့အား မေးလေအယ်။ အားပင်မဲ့ သူလို့ဟ တိတ်တိတ်လေး နေကြအယ်။ 5 ယေရှုဟ အူထော့လျက် သူလို့ဟို ပတ်ပတ်လည်သို့ ကျေ့လိုက်ပင်း၊ သူလို့ရဲ့ ခိုင်မာသော စိတ်နေလုံးကျောန့် ရမ်းဆာ့ ဝမ်းနည်းလျက်၊ အဲသူအား "နင့်ရဲ့ လက်ဟို ဆန့်လိုက်" ဟု ပြောလေအယ်။ သူဟ လက်ဟို ဆန့်လျှင် သူ့လက်ဟ ပြန်ကောင်းသွားလေအယ်။