33 ယေရှုဟ သူရဲ့ တရားတော်ဟို လူလို့အား တခြား ပုံဥပမာများစွာဟို ဟေလိုမျိုး အသုံးပြုပင်း ဟောအယ်။ ကိုယ်တော်ဟ သူလို့ နားလည်နိန်သလောက် ပြောအယ်။ 34 ကိုယ်တော်ဟ ပုံဥပမာ မသုံးဘဲ သူလို့ဟို မဟောပေမဲ့ ကိုယ်တော်ဟ တဘဲ့တော်တွေနဲ့ပဲ ကျန်တဲ့အချိန်မှာ သူလို့ဟို အကုန်လုံး ဆှင်းပြလေအယ်။