37 ရုတ်တရက် ပြင်းစွာသော လေတိုက်ခတ်သဖြင့်၊ လှိုင်းများဟ စတင်ပင်း လှေဟို ကျော်ယွေ့ လှေဟ ယေနဲ့ အပြေ့လောက် ဆိအယ်။ 38 ယေရှုဟ လှေပဲ့ပိုင်းတွင် မှီအုံးတခုပေါ်မှာ အိပ်မွေ့လျက် နေလေအယ်။ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို နှိုးကြပင်းရင် "ဆရာ၊ ငါလို့ သေတော့မဲ့အကျောန်းဟို ကိုယ်တော် ဂရုမစိုက်တော့ဝူးလော" ဟု မေးကြအယ်။
39 ယေရှုဟ ထယွေ့ လေဟို "တိတ်တိတ်နေလော့" လှိုင်းဟိုလည်း "ငြိမ်သက်လော့" ဟု အမိန့်အာဏာနဲ့ ပြောလေအယ်၊ လေဟ ငြိမ်သွားအယ်၊ လှိုင်းလည်း မထတော့ပေ။ 40 အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား "ပစာကျောန့် ဟေလောက်ထိ ကြောက်လန့်ကြလုန်း။ အခုတိုင်အောန် နင်လို့ဟ ငါ့အပေါ်နှိုက် ယုံကြည်ကိုးစားမှု ဆိကြသေးဝူးလော" ဟု မေးလေအယ်။
41 အဲအခါ သူလို့ဟ ရမ်းဆာ့ ကြောက်လန့်ကြအယ်။ "ဟေသူရာ့ စသူရီးလုန်း။ လေနဲ့ လှိုင်းများပင်လျှင် သူ့အမိန့်ဟို နားထောင်ကြအယ်" ဟု သူလို့ချင်း ပြောဆိုကြအယ်။