ယေရှုဟ ညစ်ညူးသောနတ်များ ပူးနေသူဟို ကျန်းမာစေခြင်း
1 ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့ဟ ဂါလိလဲအိန် တဖက်ကမ်းတွင် ဆိသော ဂါဒရဒေသဟို ရောက်ကြအယ်။ 2 ယေရှု လှေထဲဟ ထွက်လဲ့ခဏနှိုက်၊ လူတယောက်ဟ လုတ်တိုင်းမှ ထွက်လာပင်းရင် ကိုယ်တော်နဲ့ တွေ့ဆုံခဲ့အယ်။ အေးသူထဲမှာ ညစ်ညူးသော နတ် ဆိအယ်၊ 3 လုတ်တိုင်းဂူများ ကြားတွင် နေထိန်အယ်။ သူ့အား တယောက်မှ ကြိုးနဲ့ချေယွေ့ မရတော့ဘဲ၊ သံကြိုးနဲ့တောင်မှ တုတ်ချေယွေ့ မနိန်၊ 4 ကြိမ်ဖန်များစွာ သူရဲ့ ခြေနဲ့လက်များဟို တုတ်ချေခဲ့ဖူးသော်လည်း၊ သူဟ သံကြိုးများဟို ဖြတ်ကာ သံခြေချင်းများဟို အချိန်တိုင်း ရိုက်ဖျက်တတ်အယ်။ သူဟ ရမ်းဆာ့ အားဆိသောကျောန့် သူဟို တယောက်မှ မထိန်းချုပ်နိန်ကြ။ 5 သူဟ နေ့ညမပြတ် လုတ်တိုင်းများကြားနဲ့ တောင်ကုန်းများနှိုက် လှည့်လည်ပင်း အော်လျက် ကိုယ့်တတ်တိုင်းကိုယ်ဟို ချွန်ထက်လဲ့ ကျောက်တုံးများနဲ့ လှီးဖြတ်အယ်။
6 သူဟ ယေရှုဟို အဝေးမှ မျော်သောအခါ ပြေးယွေ့၊ ဆေ့အူးနှိုက် ဒူးထောက်ပင်း၊ 7 "အမြင့်ဆုံးသော ဘုရားသခင်ရဲ့ သားတော် ယေရှု၊ ငါ့ဟို ပစာပြုလိုလုန်း၊ ငါ့အား မနှိပ်စက်ပါနဲ့။ ဘုရားသခင်ဟို အမှီပြုယွေ့ ငါ တောင်းပန်ပါအယ်" ဟု အသံအကျယ်ရီး အော်ပြောလေအယ်။ 8 ယေရှုဟ သူ့ဟို "ညစ်ညူးသော နတ်၊ ဟေလူအထဲမှ ထွက်ခဲ့လော့" ဟု ပြောခဲ့သောကျောန့် ဖြစ်အယ်။
9 အေးကျောန့် ယေရှုဟ သူ့ဟို "နင့် နာမယ်ဟ ပစာရီး" ဟု မေးအယ်၊
အဲသူဟ "ငါ့ နာမယ်ဟ လေဂေါင်၊ (လူအုပ်) ဖြစ်အယ်၊ ငါလို့ဟ ရမ်းဆာ့ ဆိသောကျောန့် ဖြစ်အယ်" ဟု ဖြေအယ်၊ 10 အဲပင်းရင် နတ်ဆိုးပူးနေသောသူဟ အဲနယ်မှ မောင်းမထုတ်ရန် ဆက်လက်ယွေ့ ယေရှုအား တောင်းပန်လေအယ်။
11 အဲအရပ် အနီးနားဆိ တောင်စောင်းနှိုက် ဝက်အုပ်ကြီး တအုပ် ကျက်စားလျက် ဆိအယ်။ 12 ညစ်ညူးသော နတ်များဟ "ငါလို့အား ဝက်များဆေဟို လွတ်ယွေ့၊ ငါလို့ဟို ဝက်များထဲဟို ဝင်ခွင့်ပေးပါ" ဟု ယေရှုအား တောင်းပန်ကြအယ်။ 13 ကိုယ်တော်ဟ သူလို့ဟို ခွင့်ပြုအယ်၊ ညစ်ညူးသော နတ်လို့ဟ အဲလူဆေမှ ထွက်သွားယွေ့ ဝက်များထဲဟို ဝင်ကြအယ်။ ��,������ လောက်ဆိသော ဝက်အစုဟ ချောက်ကမ်းပါးအတိုင်း အိန်ထဲဟို တဟုန်ထိုးပြေးဆင်းလျက် ယေနစ် သေဆုံးကြကုန်အယ်။
14 ဝက်တွေဟို ကျောင်းတဲ့သူများဟ ထွက်ပြေးယွေ့ အဲသတင်းဟ မြို့ထဲနဲ့ လယ်တောများကြားတွင် ပျံ့နှံ့ခဲ့အယ်။ လူလို့ဟ ပစာဖြစ်ပျက်တာဟို ကျေ့ရန် ထွက်လာကြအယ်၊