27 အေးလို့မို့ ယောဟန်ရဲ့ ဦးခေါင်းဟို ယူလာခဲ့ရန် အမိန့်ပေးယွေ့ အာဏာပါးကွက်သား တယောက်ဟို ခုတင်ချင်း စေလွှတ်လိုက်အယ်။ အာဏာပါးကွက်သားဟ အကျဉ်းထောင်ဟို သွားယွေ့၊ ယောဟန်ရဲ့ ဦးခေါင်းဟို ဖြတ်အယ်။ 28 အဲပင်းရင် သူဟ ဦးခေါင်းဟို လင်ပန်းပေါ်တွင် တင်ယွေ့ ယူလာပင်း မိနီငယ်ဟို ပေးယွေ့၊ မိနီငယ်ဟလည်း အဲအရာဟို သူ့မေအား ပေးအယ်။
Publicidade