Pular para o conteúdo
Publicidade

မာကု 7

24 ယေရှုဟ အဲအရပ်မှ ထွက်ခွာယွေ့ တုရုမြို့ အနီး နယ်များဟို သွားလေအယ်။ သူဟ နေအိုင်တအိုင်ထဲဟို ဝင်သွားပင်း ကိုယ်တော်ဟ ဆိနေကျောန်း စသူဟိုမျှ မသိစေလိုပေမဲ့ သူဟ အောင်းယွေ့ မနေနိန်။ 25 ညစ်ညူးသော နတ်ပူးဝင်နေသော မိနီငယ် တအူးရဲ့မိခင်ဟ ယေရှု အကျောန်းဟို ကြားရင် တန်းလာယွေ့ သူရဲ့ ခြေတော်ရင်းတွင် ဒူးထောက်လေအယ်။ 26 အဲအမျိုးသမီးဟ ရှုရိတွင် ဆိသော ဖိနိတ်နယ်မှ မွေးဖွားလဲ့၊ တပါးအမျိုးသား ဖြစ်အယ်။ မိမိရဲ့ သမီးထဲမှ နတ်ဆိုးဟို မောင်းထုတ်ပေးရန် ယေရှုအား တောင်းပန်အယ်။ 27 အားပင်မဲ့ ယေရှုဟ "လူပဲ့သငယ်လို့ဟို ဦးရင် ဝအောန်ကျွေးပါရစေ။ လူပဲ့သငယ်လို့ရဲ့ အစားအစာဟို ယူယွေ့ ခွေးများဆေ လောချခြင်းဟ မမန်ပေ" ဟု သူမအား ဖြေလေအယ်။

28 အဲအမျိုးသမီးဟ "သခင်ဘုရား၊ စားပွဲအောက်မှ ခွေးလို့ပင် လူပဲ့သငယ်လို့ရဲ့ အစာ အစနများဟို စားရကြပါအယ်" ဟု ပြန်ဖြေအယ်။

29 အဲအခါ ယေရှုဟ "ဟေလိုမျိုးသော အဖြေအတွက်၊ နင်ဟ နေအိုင်ဟို သွားနိန်ပီ၊ ပစာကို့ နတ်ဆိုးဟ နင့်သမီးဆေမှ ထွက်ခွာသွားလေပီ" ဟု သူမအား ပြောလေအယ်။

30 အဲအမျိုးသမီးဟ သူ့နေအိုင်ဟို ပြန်ရောက်ပင်း အိပ်ယာထဲမှာ လဲလျောင်းနေသော မိမိရဲ့ သမီးငယ်ဟို တွေ့ရအယ်၊ နတ်ဆိုးဟ သူမဆေမှ အမန်ကယ် ထွက်သွားခဲ့ပင်းကျောန်း သိရအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.