Pular para o conteúdo
Publicidade

မာကု 7

ယေရှုဟ ဆွံ့အနားပင်းမှုဟို ပျောက်ကင်းစေခြင်း

31 အဲပင်းရင် ယေရှုဟ တုရုမြို့ရဲ့ အနီးဝန်းကျင်မှ ထွက်ခွာပင်း ဇိဒုန်မြို့မှတဆင့်၊ ဂါလိလဲအိန်ဟို ဖြတ်ယွေ့ ဒေကာပေါလိနယ်ဟို ဆက်သွားလေအယ်။ 32 လူအချို့လို့ဟ ဆွံ့အနားပင်းသူ တယောက်ဟို ကိုယ်တော်ဆေသို့ ဆောင်ခဲ့ကြပင်း၊ သူ့ပေါ်တွင် လက်တော်ဟို တင်ပေးရန် ယေရှုအား တောင်းပန်ကြအယ်။ 33 ယေရှုဟ သူ့အား လူအုပ်နဲ့ ဝေးရာဟို ခေါ်သွားပင်းရင် ကိုယ်တော်ဟ သူရဲ့ လက်ချောင်းများဟို သူရဲ့ နားထဲဟို ထည့်လေအယ်။ အဲပင်းရင် ကိုယ်တော်ဟ ဆံထွေး ထွေးပင်း သူရဲ့ လျှာဟို တို့လေအယ်။ 34 အဲပင်းရင် ယေရှုဟ မိုးခေါန်းခင်သို့ မျှော်ကျေ့လျက်၊ သက်ပြင်းချကာ "ဧဖသ" ဟု သူ့အား ပြောလေအယ်။ ဧဖသ အဓိပ္ပာယ်မှာ "ပွင့်စေ" ဟု ဖြစ်အယ်။

35 ခုတုံးပင် သူရဲ့ နားလို့ဟ ပွင့်သွားအယ်၊ သူရဲ့ လျှာဟ ပြေလျော့သွားပင်း သူဟ ပြတ်ပြတ်သားသား စတင် ပြောလာအယ်။ 36 ယေရှုဟ သူလို့ဟို စသူ့ဟိုမျှ မပြောဖို့ အမိန့်ပေးအယ်။ အားပင်မဲ့ ကိုယ်တော်ဟ တားမြစ်လေလေ၊ သူလို့ဟ အဲသတင်းဟို ပိုယွေ့ ပြောကြားလေ ဖြစ်အယ်။ 37 ကြားရသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့ဩကြအယ်။ "ကိုယ်တော်ဟ အရာအားလုံးဟို စလောက် ကောင်းကောင်းလုပ်အယ်၊ သူဟ နားပင်းသူလို့ဟို ကြားစေပင်း ဆွံ့အသူလို့ဟို စကားပြောစေပီ" ဟု သူလို့ဟ ကြွေးကြော်ကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.