ယေရှုဟ လူ , ဟို ကျွေးမွေးခြင်း
1 သိပ်မကြာခင် တခြား လူအုပ်ကြီး စုဆုံလာကြအယ်။ လူလို့နှိုက် စားဖို့ မကျန်သောအခါ၊ ယေရှုဟ တဘဲ့တော်လို့ဟို သူဆေဟို ခေါ်ယွေ့၊ 2 "ဟေလူတွေအတွက် ငါ သနားအယ်၊ ပစာကို့ သူလို့ဟ သုံးရက်လုံးလုံး ငါနဲ့တူတူ ဆိကြပီမို့ အခု သူလို့မှာ စားစရာမဆိ။ 3 တချို့သော သူများဟ အဝေးမှ လာကြသောကျောန့်၊ သူလို့ဟို မကျွေးမွေးဘဲ ငါဟ နေအိုင်ဟို ပြန်လွှတ်ရင်၊ သူလို့ဟ လမ်းနှိုက် မူးမေ့သွားလိမ့်မယ်" ဟု မိန့်အယ်။
4 သူရဲ့ တဘဲ့တော်လို့ဟ "ဟေလူသူကင်းမဲ့သော နေရာမှာ စသူကမှ အေးလူအားလုံးဟို ကျွေးဖို့ လုံလောက်တဲ့ အစားအစာဟို စသူဆှာနိန်လုန်း" ဟု သူ့ဟို မေးကြအယ်။
5 ယေရှုဟ "နင်မှာ မုန့်စလောက် ဆိလုန်း" ဟု မေးလေအယ်။
သူလို့ဟ "မုန့်ခုနေလုံး ဆိပါအယ်" ဟု ဖြေကြအယ်။
6 ကိုယ်တော်ဟ လူအပေါင်းလို့ဟို မြေပေါ်တွင် ထိန်စေရန် အမိန့်ပေးအယ်။ အဲပင်းရင် မုန့်ခုနေလုံးဟို ယူပင်း၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့၊ မုန့်ဟိုဖဲ့ကာ လူအုပ်လို့အား ဝေပေးရန် သူရဲ့ တဘဲ့တော်လို့ဟို ပေးအယ်၊ အဲပင်း တဘဲ့တော်လို့ဟလည်း လူအုပ်အား ဝေပေးကြအယ်။ 7 သူလို့နှိုက် ငါးကတစ်လည်း ဆိအယ်။ ယေရှုဟ အဲအတွက် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ သူလို့အား ဝေပေးရန် တဘဲ့တော်လို့ဟို ပြောအယ်။ 8,9 လူတိုင်းဟ လုံလောက်စွာ စားရပင်း အဲမှာ လူ ��,������ လောက် ဆိလေအယ်။ အဲပင်းရင် တဘဲ့တော်လို့ဟ ကျန်တာဟို ကောက်သိမ်းယွေ့ ခုနေတောင်း အကျိုးအပဲ့များ အပြေ့ရကြအယ်။ ယေရှုဟ လူလို့ဟို အဝေးဟို ထွက်ခွာစေပင်း၊