Pular para o conteúdo
Publicidade

မဿဲ 1

20 သူဟ အဲအကျောန်းဟို စဉ်းစားနေခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့ရဲ့ အိမ်မက်ထဲမှာ ပေါ်လာယွေ့ "ဒါဝိဒ်အမျိုး ယောသပ် နင့်ရဲ့ ပေါင်အိုမ မာရိဟို ယူရမှာ မကြောက်နဲ့။ အကျောန်းမှာ ဟေလူပဲ့စွဲခြင်းဟာ သန့်ဆှင်းသော ဝိညာဉ်တော်ကျောန့် ဖြစ်အယ်။ 21 ၁.၂၁ လု ၁.၃၁သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်" ဟု ပြောအယ်။

22 အဲအကျောန်းအရာဟ ပရောဖက်အားဖြင့် ဘုရားသခင်ဟောခဲ့လဲ့ အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်အယ်။ 23 ဗျာဒိတ်တော်မှာ "အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်" (အေးအဓိပ္ပာယ်ဟ "ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်") ဟု ဖြစ်အယ်။

24 ယောသပ်ဟ အိပ်မွေ့ရာမှ နိုးလာသောအခါ ဘုရားသခင်ရဲ့ ခေါန်းခင်တမန် မှာထားလဲ့အတိုင်း မိမိရဲ့ပေါင်အိုမဟို လက်ထပ်လေအယ်။ 25 ၁.၂၅ လု ၂.၂၁အဲလိုလဲ သူဟ အောင်နီငယ်ဟို မမွေးသေးခင်အထိ မာရိနဲ့ ပေါင်းသင်းနေထိန်မှုဟို မလုပ်ဘဲ နေအယ်။ သူဟ အဲအောင်နီငယ်ဟိုလည်း ယေရှု ဟူသော နာမယ်ပေး လေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.