Pular para o conteúdo
Publicidade

မဿဲ 11

20 ယေရှုဟ အံ့ဩဖွယ် နိမိတ်လက္ခဏာများဟို ပြခဲ့လဲ့ မြို့များဟ သူလို့ရဲ့အပစ်များမှ နောင်တမရကြသဖြင့် ကိုယ်တော်ဟ အဲမြို့လို့အား ဟေသို့ပစ်တင်ဆုံးမအယ်။ 21 "ခေါရာဇိန်မြို့ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးတိုင်းတိုင်း ဗက်ဇဲဒမြို့လည်း ကြောက်စရာကောင်းလဲ့အရာဟလည်း နင့်ဟို စောင့်နေအယ်၊ နင်လို့ဆေမှာ ပြခဲ့လဲ နိမိတ်လက္ခဏာများဟို တုရုမြို့နဲ့ ဇိဒုန်မြို့တွင်ပြခဲ့ရင် လူများလို့ဟ အရင်အခါဟ လျှော်တေအဝတ်ဟို ဝတ်ပင်း၊ ပြာမှုန့်ဟို သူလို့ပက်ပင်း ထိန်လျက် သူလို့ဟ မိမိလို့ရဲ့အပစ်များမှ ပြန်လှည့်ကျောန်းဟို ပြသမယ်ဖြစ်အယ်။ 22 ငါအမန်အကန် နင်လို့အားပြောတာဟ တရားဆုံးဖြတ်ရာနေ့နှိုက် နင်လို့ထက် တုရုမြို့နဲ့ ဇိဒုန်မြို့ဟို ဘုရားသခင်ဟ ကရုဏာပိုပင်းပြမယ်။ 23 အားပင်းနင့်အတွက်၊ ကပေနောင်မြို့ နင်ဟ ခေါန်းခင်မှာ မြောက်စားခြင်းဟို ခံလိုသလော၊ ငရဲထိ လောချခြင်းဟို ခံရလိမ့်မယ်၊ နင်လို့ဆေတွင် ငါပြုခဲ့လဲ့ နိမိတ်လက္ခဏာများဟို သောဒုံမြို့တွင်သာ ပြုခဲ့ရင်၊ အေးမြို့ဟ ခုနေ့တိုင်အောန် တည်လျက်ဆိပေမယ်။ 24 ၁၁.၂၄ မ ၁၀.၁၅; လု ၁၀.၁၂အဲလိုလဲ နင်လို့အား ငါ ပြောတာဟ တရားစီရင်ရာနေ့နှိုက် သောဒုံမြို့ထက်ပိုယွေ့ နင်ဟ အပစ်ဒဏ်ခံရလိမ့်မယ်" ဟု မိန့်အယ်။

ငါ့ဆေဟို လာလော့၊ ငါဟ ချမ်းသာပေးမယ်

(လုကာ ၁၀.၂၁,၂၂)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.