3 ကိုယ်တော်ဟ အဲသူလို့အား ပုံဥပမာဟို အသုံးပြုယွေ့ ရမ်းဆာ့သော အကျောန်းအရာများဟို ဟောအယ်။
"အရင်ခါဟ မျိုးစေ့ကြဲသော လူတယောက်ဟ မျိုးစေ့ကြဲမို့ ထွက်သွားအယ်။ 4 မျိုးစေ့ကြဲသောအခါ အချို့မျိုးစေ့လို့ဟ လမ်းတွင်ကျသဖြင့် ငက်လို့ဟ လာယွေ့ စားကြအယ်။ 5 အချို့မျိုးစေ့လို့ဟ မြေနည်းလဲ ကျောက်ဆောင်ပေါ်တွင် ကျအယ်။ မြေသားတိမ်သဖြင့် အပင်များ အမြန်ပေါက်လာအယ်။ 6 အဲလိုလဲ နေထွက်သောအခါ အပင်နေပူလောင်ပင်း အမြစ်မစွဲသောကျောန့် ခြောက်ပင်းသွားကြအယ်။ 7 အချို့မျိုးစေ့လို့ဟ ဆူးတောတွင် ကျသဖြင့် ဆူးပင်များ ကြီးထွားလာပင်းနောက် အပင်ငယ်လို့ဟို အုပ်သွားကာ သေစေကြအယ်။ 8 အချို့မျိုးစေ့လို့ဟ မြေကောင်းမြေသန့်တွင် ကျသဖြင့် အချို့လို့ဟ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများယွေ့ အသီးသီးကြအယ်။"
9 "ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ" ဟု မိန့်အယ်။