Pular para o conteúdo
Publicidade

မဿဲ 13

ယေရှုဟ မြက်သီးပင်များ ပုံဥပမာဟို ဆှင်းပြခြင်း

36 အဲပင်းရင် ယေရှုဟ လူအုပ်ကြီးဆေမှ ထွက်ခွာယွေ့ နေအိုင်ထဲဟို ဝင်အယ်။ တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ "လယ်ထဲမှ မြက်သီးပင်များရဲ့ ပုံဥပမာဟို ငါလို့အား ဆှင်းပြမန့်" ဟု ဆှောက်ထားကြအယ်။

37 ယေရှုဟ "ကောင်းသောမျိုးစေ့ဟို ကြဲသူဟ လူသားပင် ဖြစ်အယ်။ 38 လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။ 39 အဲမျိုးစေ့များဟို ကြဲသောရန်သူဟ မာရ်နတ် ဖြစ်အယ်။ ကောက်ရိတ်ချိန်ဟ ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပင်း ကောက်ရိတ်သမားများဟ ခေါန်းခင်တမန်များ ဖြစ်အယ်။ 40 မြက်သီးပင်များဟို စုသိမ်းပင်း မီးရှို့ပစ်လိုက်သလိုမျိုး ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲတိုင်းတိုင်း ဖြစ်လိမ့်မယ်။ 41 လူသားဟ မိမိရဲ့ခေါန်းခင်တမန်များဟို စေလွှတ်သဖြင့် သူလို့ဟ မှောက်မားလမ်းလွဲစေသော အရာများနဲ့ မတရားအမှုဟို ပြုသောသူဆိသမျှလို့ဟို နိုင်ငံတော်ထဲဟ နုတ်စေပင်းရင်၊ 42 သူလို့ဟ တောက်လောင်သော မီးဖိုထဲဟို သူလို့အား လောချစေမယ်။ အဲနေရာနှိုက် ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်ကြ လိမ့်မယ်။ 43 အဲအခါ ဖြောင့်မတ်သောလို့ဟ သူလို့အဖရဲ့ နိုင်ငံတော်တွင် နေလိုမျိုး ထွန်းလင်းတောက်ပလျက် နေကြလိမ့်မယ်။ ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.