Pular para o conteúdo
Publicidade

မဿဲ 14

13 ယေရှုဟ ယောဟန်ရဲ့ သတင်းဟို ကြားသောအခါ အဲအရပ်မှ တကိုယ်တည်း ဆိတ်ကွယ်ရာ အရပ်ဟို လှေဖြင့် သွားအယ်။ အေးအကျောန်းဟို လူလို့ကြားရင်၊ သူလို့ရဲ့ မြို့ရွာများကို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်တော်ဟို ကုန်းကျောန်းနဲ့ လိုက်ကြအယ်။ 14 ယေရှုဟ လှေပေါ်မှ ဆင်းပင်း လူအုပ်ဟို မျော်သောအခါ သူလို့ဟို သနားစိတ်ဆိသဖြင့် ဖျားနာသူများဟို ကျန်းမာစေအယ်။

15 အဲညနေခင်းအချိန်နှိုက် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ "ဟေအရပ်ဟ လူသူမဆိလဲ့ အရပ်ဖြစ်အယ်။ အချိန်လည်း ရမ်းဆာ့နောက်ကျပီ။ လူလို့အား ကျေးရွာများဟို သွားယွေ့ မိမိလို့အတွက် အစားအစာ ဝယ်ယူနိန်စေရန် စေလွှတ်ပါ" ဟု ဆှောက်ကြအယ်။

16 ယေရှုဟ "သူလို့သွားရန် မလို။ နင်လို့တတ်တိုင်း သူလို့အား စားစရာ ပေးကြလော့" ဟု မိန့်အယ်။

17 တဘဲ့တော်လို့ဟ "ငါလို့မှာ မုန့်ငါးလုံးနဲ့ ငါးနေကောင် ဆိအယ်" ဟု ဆှောက်ကြအယ်။

18 ယေရှုဟ "အေးမုန့်နဲ့ ငါးဟို ငါ့ဆေဟို ယူခဲ့ကြလော့" ဟု မိန့်အယ်။ 19 ကိုယ်တော်ဟ လူအုပ်လို့ဟို မြက်ခင်းပေါ်တွင် ထိန်စေရန် အမိန့်ပေးနောက် မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူယွေ့ ခေါန်းခင်ဟို မော်ကျေ့လျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်များဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ တဘဲ့တော်လို့ဟလည်း လူလို့အား ဝေပေးကြအယ်။ 20 လူအပေါင်းလို့ဟ အဝစားကြအယ်။ အဲပင်းရင် တဘဲ့တော်လို့ဟ အကြွင်းအကျန်များဟိုပင် ကောက်သိမ်းကြရာ တဆယ့်နေတောင်း အပြေ့ရကြအယ်။ 21 အမျိုးသမီးနဲ့ လူပဲ့များမှလွဲရင် မုန့်စားသူ ယောက်ျား ဦးရေမှာ ၅,၀၀၀ လောက် ဆိအယ်။

ယေရှု ယေပေါ်မှာ လမ်းဆှောက်ခြင်း

(မာကု ၆.၄၅–၅၂; ယောဟန် ၆.၁၅–၂၁)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.