ယေရှု ယေပေါ်မှာ လမ်းဆှောက်ခြင်း
22 အဲပင်းရင် ယေရှုဟ လူအပေါင်းလို့အား ပြန်လွှတ်နေစဉ် တချိန်တည်းမှာပင် တဘဲ့တော်လို့အား လှေပေါ်ဟို တက်စေယွေ့ အိန်တဖက်အရင် ကူးစေအယ်။ 23 လူအပေါင်းလို့အား ပြန်စေပင်းနောက် ယေရှုဟ ဆုတောင်းရန် တောင်ပေါ်ဟို တကိုယ်တည်း တက်အယ်။ ညခင်းချိန်ရောက်သောအခါ အဲအရပ်တွင် ကိုယ်တော် တယောက်တည်း ဆိနေအယ်။ 24 အားပင်း အဲအချိန်တွင် လှေဟ ကမ်းနဲ့ ရမ်းဆာ့ ဝေးကွာ သွားပင်း လေဆန်ဖြစ်သောကျောန့် အဲလှေဟို လှိုင်းတံပိုးများ ရိုက်ခတ်လျက်ဆိအယ်။
25 အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။ 26 ယေပေါ်မှာ ကိုယ်တော် လမ်းဆှောက်နေတာဟို သူလို့ မျော်သောအခါ တဘဲ့တော်လို့ဟ တုန်လှုပ်ချောက်ချားကြယွေ့ "ကဆေ" ဟု အလန့်တကြား ဟစ်အော်ကြအယ်။
27 ယေရှုဟ သူလို့အား "အားမငယ်ကြနဲ့၊ ငါပင် ဖြစ်အယ်၊ မကြောက်ကြနဲ့" ဟု ခုတင်ချင်း မိန့်အယ်။
28 အဲပင်းရင် ပေတရုဟ "သခင်၊ ကိုယ်တော်ဖြစ်တာ မန်ရင် ငါဟ ယေပေါ်မှာ ဆှောက်ပင်း အထံတော်ဟို လာနိန်ရန် အမိန့်ဆိမန့်" ဟု ဆှောက်အယ်။
29 ယေရှုဟ "လာခဲ့လော့" ဟု မိန့်အယ်။ အဲလိုမို့ ပေတရုဟ လှေပေါ်ဟ ဆင်းယွေ့ ယေပေါ်တွင် စတင်ဆှောက်ကာ ယေရှု ဆေဟို သွားလေအယ်။ 30 အဲလိုလဲ သူဟ လေဟုန်ပြင်းတာဟို မျော်သောအခါ ကြောက်လန့်လာသဖြင့် ယေနစ်စပြုတာနဲ့ "သခင်၊ ငါ့အား ကယ်ပါ" ဟု အော်လေအယ်။
31 ခုတင်ချင်း ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ ပေတရုဟို ဆွဲကိုင်ပင်းလျှင် "ယုံကြည်ခြင်းအားနည်းသောသူ၊ မစာကျောန့် သံသယဖြစ်လုန်း" ဟု မိန့်အယ်။
32 သူလို့နေယောက်လုံး လှေပေါ်ဟို တက်ကြရာ လေဟ ငြိမ်သွားလေအယ်။ 33 အဲပင်းရင် လှေထဲဆိ တဘဲ့တော်လို့ဟ ယေရှုအား ဦးချရှိခိုးလျက် "အမန်တကယ် ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်" ဟု ဆှောက်ကြအယ်။