Pular para o conteúdo
Publicidade

မဿဲ 15

3 ယေရှုဟ "နင်လို့သည် မစာကျောန့် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို နာမခံဘဲ မိမိလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကြလုန်း။ 4 အကျောန်းမှာ ဘုရားသခင်ဟ ‘နင့်ရဲ့ မိဘဟို ရိုသေစွာပြုလော့။ မိဘဟို ကျိန်ဆဲသောသူဟ သေဒဏ်ခံစေ။’ 5 အဲလိုလဲ နင်လို့ သင်ကြတာဟ လူတယောက်နှိုက် အဖ အဲဟာမဟုတ်ရင် အမေ့အား ကူညီရန် ပစ္စည်းတစုံတခု ဆိသော်လည်း အေးပစ္စည်းဟို ‘ဘုရားသခင်ပိုင်လဲ့ ပစ္စည်းဖြစ်အယ်’ ဟု ဆိုရင်၊ 6 သူဟ မိမိရဲ့အဖအား၁၅.၆ မိမိရဲ့အဖအား၊ တချို့ လက်ရေးမူကျမ်းတွင် သူလို့ရဲ့ အဖ အဲဟာမဟုတ်ရင် အမေ့၊ ဟူယွေ့ တွေ့ရအယ်။ ဂုဏ်ပြုရန် မလို။ အေးနည်းလမ်းဖြင့် နင်လို့ဟ မိမိလို့ရဲ့ ထုံးတမ်းစဉ်လာများဟို လိုက်နာရန် ဘုရားသခင်ရဲ့ ပညတ်ဟို ပစ်ပယ်ကြအယ်။ 7 သူတော်ကောင်းဟန်ဆောင်တတ်သောသူလို့၊ ဟေရှာယဟ နင်လို့ဟို ရည်မှတ်ယွေ့ ဟေသို့ ဟောတာဟ၊

8 " ‘ဟေလူမျိုးဟ ငါ့ဟို စလောင်အားဖြင့် ဂုဏ်ပြုကြအယ်၊

အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးမှာ ငါနဲ့ ဝေးအယ်။

9 ငါ့ဟို ကိုးကွယ်သောသူလို့နှိုက် အကျိုးမဆိ၊

ပစာကို့ သူလို့ဟ ငါရဲ့ပညတ်တွေလိုဘဲ လူ့စည်းမျဉ်းတွေဟို သင်ပေးအယ်’ ဟု မိန့်အယ်။"

လူဟို ညစ်ညမ်းစေသည့် အရာများ

(မာကု ၇.၁၄–၂၃)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.