Pular para o conteúdo
Publicidade

မဿဲ 15

32 ယေရှုဟ တဘဲ့တော်လို့အား အထံတော်ဟို ခေါ်ပင်းရင် "ဟေလူအပေါင်းဟို ငါသနားအယ်။ ပစာကို့ သူလို့ဟ ငါနဲ့အတူ သုံးရက်တိုင်တိုင် နေခဲ့ကြပင်း သူလို့မှာ ပစာမှ စားဖို့မဆိ။ သူလို့အား အစားအစာမကျွေးဘဲ နေအိုင်ဟို ငါ မပြန်စေလို၊ အေးလို့ပြန်ရင် သူလို့ဟ လမ်းတွင် အားပြတ်ကြလိမ့်မယ်" ဟု မိန့်အယ်။

33 တဘဲ့တော်လို့ဟ "ဟေမျှ များပြားလဲ့ လူအုပ်ကြီး စားလောက်အောန် အစားအစာများဟို ငါလို့ဟ ဟေတောကန္တာရတွင် စနားမှာ ရနိန်မလုန်း" ဟု ဆှောက်ကြအယ်။

34 ယေရှုဟ "နင်လို့တွင် မုန့်စလောက် ဆိလုန်း" ဟု မေးသော်၊

"မုန့်ခုနေလုံးနဲ့ ငါးကတစ် ဆိမန့်အယ်" ဟု ပြန်ဆှောက်ကြအယ်။

35 အဲလိုမို့ ယေရှုဟ လူအုပ်ဟို မြေပေါ်တွင် ထိန်ရန် အမိန့်ပေးအယ်။ 36 အဲပင်းရင် ကိုယ်တော်ဟ မုန့်ခုနေလုံးနဲ့ ငါးဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။ မုန့်နဲ့ ငါးဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ သူလို့ဟလည်း လူအုပ်လို့အား ပေးဝေအယ်။ 37 သူလို့အားလုံးဟ ဝစွာ စားရကြအယ်။ အဲပင်းရင် တဘဲ့တော်များဟ စားကြွင်းစားကျန်များဟို တောင်း ခုနေတောင်းပြေ့ ကောက်သိမ်းကြရအယ်။ 38 မုန့်စားသူ ဦးရေမှာ အမျိုးသမီးနဲ့ လူပဲ့များမှ လွဲရင် ယောက်ျား ၄,၀၀၀ ဆိအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.