ဗိမာန်တော် အခွန်ပေးဆောင်ခြင်း
24 ယေရှုနဲ့ တဘဲ့တော်လို့ဟ ကပေနောင်မြို့ဟို ရောက်ကြသောအခါ ဗိမာန်တော်ခွန်အတွက် ကောက်ခံသူများဟ လာပင်း ပေတရုအား "နင်ရဲ့ဆရာဟ ဗိမာန်တော်ခွန် ပေးဆောင်မန့်သလော" ဟု မေးမြန်းကြအယ်။
25 ပေတရုဟ "ပေးဆောင်အယ်" ဟု ဆိုအယ်။
နေအိုင်ထဲဟို ပေတရု ဝင်လာသောအခါ ယေရှုဟ ဦးရင်ဆုံးပြောတာဟ "ရှိမုန်၊ နင်မစာသို့ ထင်လုန်း။ လောကီဘုရင်လို့ဟ စသူ့ဆေမှ အခွန်များဟို ကောက်ခံကြလုန်း။ မိမိသားဆေမှလော၊ အခြားသူများဆေမှလော" ဟု မေးအယ်။
26 ပေတရုဟ "အခြားသူများဆေမှ ကောက်ခံအယ်" ဟုဆှောက်အယ်။
ယေရှုဟ "အဲသို့ဖြစ်ရင် အောင်နီငယ်ဟတော့ လွတ်ရအယ်။ 27 အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့" ဟု မိန့်အယ်။